ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

ရုရှားနိုင်ငံက နျူကလီးယားလက်နက် စမ်းသပ်မှုတွေ လုပ်ဆောင်ရေး ကြိုတင်ပြင်ဆင်မှုစတင် သင့် မသင့် စဉ်းစားကြဖို့ သမ္မတ ဗလာဒီမာပူတင်က အကြီးတန်း တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်ပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနသို့ ညွှန်ကြားချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ပူတင်ဟာ ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

နျူကလီးယားလက်နက် စမ်းသပ်မှုတွေပြုလုပ်ဖို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လအတွင်း ပင်တဂွန် ကို ညွှန်ကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အပြည့်အဝ လုပ်ဆောင်ဖို့ ကြိုတင်ပြင် ဆင်မှု စတင်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး အန်ဒရေဘီလိုဆော့ဗ်က အစည်းအဝေးသို့ တက်ရောက် သူတွေကို ပြောပါတယ်။

စမ်းသပ်မှုအပေါ် မူတည်ပြီး နျူကလီးယား စမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ နှစ် ချီ ကြာမြင့်နိုင်တယ်လို့ ရုရှား စစ်ဉီးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်က ပြောပါတယ်။

လက်ရှိမှာ သင့်တော်တဲ့ အစီအမံတွေ မလုပ်ဆောင်ရင် အမေရိကန်ရဲ့ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်နိုင်မယ့် အခွင့်အလမ်း ရုရှားနိုင်ငံက လွဲချော်လိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဘက်စုံပါဝင်သော နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစားချုပ်ပါ ပြဌာန်းချက်တွေကို ရုရှားနိုင်ငံ က ဆက်လက်ပြီး လိုက်နာမယ်လို့ ပူတင်က ဆိုပါတယ်။

အမေရိကန်နဲ့ အခြားတိုင်းပြည်တွေက နျူကလီးယား စမ်းသပ်မှုပြုလုပ်ပါက ရုရှားက သင့်တော် တဲ့ တန်ပြန်အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

ကိုးကား – NHK
Ref; Putin instructs officials to study feasibility of preparing for nuclear tests