ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ် မလွှတ် အင်ဒိုနီးရှားနိုင်ငံက မဆုံး ဖြတ်ရသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရက ဒီဇင်ဘာလကုန်မှာပြုလုပ်မယ့် မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့် ကြည့်သူတွေ စေလွှတ် မလွှတ် မဆုံးဖြတ်ရသေးဘူးလို့ ၎င်းက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ် မလွှတ် ကျွန်တော်တို့ မဆုံးဖြတ်ရသေး ပါဘူး။ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဖို့ လိုလားတယ်ဆိုတာ ကျွန်တော်တို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်” ၎င်းက ဆိုပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အားလုံးပါဝင်တယ်လို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ်က ပြောကြားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်ကော်မရှင် ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို သံသယရှိတယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေဟာ မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောထားကွဲလွဲနေပြီး အာဆီယံ အဖွဲ့က ဘုံသဘောတူညီချက်မရရင် ဖိလစ်ပိုင်က ကိုယ့်ဘာသာ ဆုံးဖြတ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီ နန်မားကို့စ်ဂျူနီယာက ပြောပါတယ်။

ရွေးကောက်ပွဲထက် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနဲ့ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုကို ဉီးစားပေးရမယ်လို့ အာဆီယံနိုင်ငံတွေက အောက်တိုဘာလ ၂၆ ရက် ပူးတွဲထုတ်ပြန်ချက်မှာ တောင်း ဆိုခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို အဆင့်လိုက် ကျင်းပမှာဖြစ်ပြီး ဒုတိယအဆင့် ရွေးကောက်ပွဲ ကို ဇန်နဝါရီလ ၁၁ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီမိုကရေစီအင်အားစုပါတီတွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားရပြီး မြန်မာနိုင်ငံရဲ့ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။

ကိုးကား – Jakarta Globe
Ref; Indonesia Still Undecided on Sending Observer to Myanmar’s Disputed Polls