ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေချိန် ဘေးဒုက္ခရောက်နေသူတွေအတွက် ဆု တောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဆုတောင်းရာမှာ ပါဝင် ကြဖို့ ဖိတ်ကြားပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးခဲ့ပြီး မြန်မာပြည်သူတွေကို မေ့မ ထားဖို့နဲ့ လိုအပ်သော လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာ့ အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရစဉ် မြန်မာ ပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီးက အခုလို ဆော်ဩခဲ့တာပါ။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခကြောင့် ထောင်ပေါင်းများစွာသော မြန်မာပြည်သူတွေ သေ ဆုံးခဲ့ရပြီး ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေဧရိယာအများအပြား ပျက်စီးခဲ့ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်စရာ လိုအပ်နေပါတယ်။

မြန်မာ့လူဉီးရေရဲ့ ထက်ဝက်ကျော်ဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ကုလ သမဂ္ဂအဖွဲ့က ခန့်မှန်းထားပါတယ်။

ကိုးကား – Vatican News
Ref; Pope Leo: Pray for victims of war, do not forget people of Myanmar