‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၅ ရက်

ကချင်ပြည်နယ်၊ ပူတာအိုအခြေစိုက် နည်းဗျူဟာမှူးကို ခေါင်လန်ဖူးမြို့နယ်အတွင်း ဝင်ရောက် ရှင်းလင်းရန် စစ်ကော်မရှင်ကညွှန်ကြားထားကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်အတွင်းက ခေါင်လန်ဖူးမြို့နယ် အတွင်းကို Y-8 လေယာဉ်ဖြင့် စစ်အင်အားများပို့ဆောင်ခဲ့သည်။ထို့ပြင် ‎ပူတာအိုမှ နည်းဗျူဟာမှူးနှင့် အဖွဲ့ကိုလည်း ခေါင်လန်ဖူးမြို့နယ်အတွင်းဝင်ရောက်ရှင်းလင်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဗျူဟာမှူးက ပူတာအိုကနေမခွာချင်ဘူး။ သူတို့ချင်း မချေမငံတွေဖြစ်နေတယ်ပြောတယ်။ ခေါင်လန်ဖူး ထဲတော့ အင်အား ၅၀၀ လောက်ကိုပို့ထားနှင့်ပြီ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းတွင် စစ်ကော်မရှင်၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် အောက်တိုဘာလအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA က စစ်ကော်မရှင်၏ တပ်စခန်း သုံးခုခန့်ကို သိမ်းယူနိုင်ခဲ့သည်။

 

စစ်ကော်မရှင်သည် ၎င်းတို့၏ ‎တပ်စခန်းများသိမ်းယူခံရပြီးနောက် ပူတာအို ခလရ- ၄၆ အတွင်းသို့ လက်နက်ခဲယမ်းနှင့် စစ်ကူအင်အားများဖြည့်တင်းခဲ့သည့်အပြင် ခလရ-၄၆မှ တစ်ဆင့် ခေါင်လန်ဖူး မြို့နယ်အတွင်းကို စစ်ကူအင်အားများ ပို့ဆောင်ခဲ့သည်။

 

ထို့သို့ပို့ဆောင်ပြီးနောက် ပူတာအိုအခြေစိုက် နည်းဗျူဟာမှူးကိုပါ ပို့ဆောင်ရန် စီစဉ်ညွှန်ကြားမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ပုံစာ-ခေါင်လန်ဖူးသို့ စက်သုံးဆီများ ပို့ဆောင်နေသည့် စစ်ကော်မရှင်တပ် (ပုံဟောင်း)