ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ရုရှားနိုင်ငံက မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်ထုတ်လုပ်မှု စတင်လိုက်ပြီ လို့ မော်စကိုမြို့တော်မှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားတစ်ခုမှာ သမ္မတ ဗလာဒီမာပူတင်က ပြောပါ တယ်။

“မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်တွေ ထုတ်လုပ်မှု စတင်ပါပြီ။ ဒီဒုံးကျည် တွေဟာ အသံထက် ၃ ဆ မြန်ပါလိမ့်မယ်” လို့ နျူကလီးယားစွမ်းအင်သုံး Burevestnik ဒုံးကျည်နဲ့ Poseidon မောင်းသူမဲ့ရေအောက်ဒရုန်း တီထွင်သူတွေကို နိုင်ငံတော်အဆင့် ဆုချီးမြှင့်ပွဲမှာ ၎င်းက ဆိုပါ တယ်။

Burevestnik ဒုံးကျည် ထုတ်လုပ်နိုင်မှုဟာ ရုရှားပြည်သူတွေအတွက် သမိုင်းဝင် အောင်မြင်မှု ဖြစ်ပြီး ဆယ်စုနှစ်ချီ လုံခြုံရေးနဲ့ မဟာဗျူဟာမြောက် တန်းတူညီမျှမှုဖြစ်စေမယ်လို့ သူက ပြောပါတယ်။

ရုရှားဟာ မည်သည့်တိုင်းပြည်ကိုမှ မခြိမ်းခြောက်ကြောင်း၊ အခြား နျူကလီးယားအင်အားကြီး တိုင်းပြည်တွေလို ရုရှားက နျူကလီးယားလက်နက် ထုတ်လုပ်နေကြောင်း ပူတင်က ဆက်ပြောပါတယ်။

“ဒီနှစ်မှာ တိုက်ခိုက်ရေးမှာ စမ်းသပ်ဖို့ ဆာမတ် တိုက်ချင်းပစ်ဒုံးကျည်တွေ ဖြန့်ကြက်မှာဖြစ်ပြီး နောက်နှစ်မှာ တိုက်ခိုက်ရေးတာဝန် ပေးအပ်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

Burevestnik ဒုံးကျည်ဟာ ၁၅ နာရီအတွင်း အကွာအဝေး မိုင် ၈၇၀၀ အထိ ရောက်ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့လအတွင်း စစ်ဘက်အရာရှိတွေနဲ့ အစည်းအဝေးမှာ ပူတင်က ပြောကြားခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်သုံး Poseidon ရေအောက်ဒရုန်းတွေ ပိုင်ဆိုင်တာဟာ အကောင်းဆုံးဖြစ် တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Anadolu
Ref; Putin says Russia has begun development of new nuclear-powered cruise missiles