ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရန်လိုမှုတွေကို တန်ပြန်ရာမှာ ဒရုန်းနည်းပညာတွေ အ သုံးပြုတာ အပါအဝင် ပင်လယ်ရေကြောင်း ကင်းလှည့်မှုမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ပင်တဂွန် အ ကြီးအကဲ Pete Hegseth က အာဆီယံနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

စုစည်းထားသော ရေကြောင်းဆိုင်ရာ ကွန်ရက်တစ်ခုနဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်မယ့် ပူးတွဲ စွမ်းရည်တွေ ဖော်ဆောင်ကြဖို့ နိုဝင်ဘာလ ၁ ရက်က မလေးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ကာကွယ် ရေးဝန်ကြီးတွေနဲ့ အစည်းအဝေးမှာ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ရေပိုင်နက်တွေနဲ့ တောင်တရုတ်ပင်လယ်မှာ ခြိမ်းခြောက်မှု၊ အနှောင့်အယှက်ပေး မှုနဲ့ တရားမဝင် လှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ တရုတ်နဲ့ ပဋိပက္ခမဖြစ်လိုပေမယ့် တ ရုတ်က ကျွန်တော်တို့ကို မလွှမ်းမိုးအောင် လုပ်ဆောင်ရပါမယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သဘောတူညီချက်တစ်ရပ် ရရှိ ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။

အောက်တိုဘာလ ၃၁ ရက်က တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျန်နဲ့ တွေ့ဆုံစဉ် ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ဝန်းကျင်မှာ တရုတ်ရဲ့ ရေတပ်ဆိုင်ရာလှုပ်ရှားမှုကို အလွန်အမင်း စိုးရိမ်ကြောင်း Pete Hegseth က ထုတ်ဖော်ပြောခဲ့ပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် သင်္ဘောတွေက ရေအမြောက်နဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို တိုက် ခိုက်တဲ့ဖြစ်စဉ်တွေကို ကိုးကားပြီး ၎င်းက ပြောကြားခဲ့တာပါ။

အမေရိကန်နဲ့တရုတ်ကြား တွေ့ဆုံဆွေးနွေးမှုကို ၎င်းက ကြိုဆိုခဲ့ပေမယ့် အငြင်းပွား စကား ဘရော့သောင်စွယ်အား တရုတ်ပိုင်နက်အဖြစ် သတ်မှတ်မှုကို မမျှတဘူးလို့ ပြောပါတယ်။

ကုန်ကျစရိတ်နဲ့ အန္တရာယ်နည်းပါးစွာဖြင့် ကင်းလှည့်စောင့်ကြပ်မှု တိုးမြှင့်ဖို့ ဝေဟင်၊ ရေအောက်ဒ ရုန်းတွေ အပါအဝင် မောင်းသူမဲ့ဒရုန်းစနစ်တွေ ပူးတွဲဖော်ဆောင်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီနည်းပညာတွေကို မဟာမိတ်တွေ၊ မိတ်ဖက်တွေကို မျှဝေလိုတဲ့ဆန္ဒ ရှိပါတယ်” လို့ Pete Hegseth က ပြောပါတယ်။

ကိုးကား – Bloomberg
Ref; Hegseth urges Asean unity against Beijing in South China Sea