ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင်လှိုင်းကြီးမည်ဖြစ်ကြီး တိုင်းနှင့်ပြည်နယ်တွင် မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ်တွင်ထုတ်ပြန်သည်။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိ န်ကြောင့် နိုဝင်ဘာ ၃ ရက်မှ ၆ ရက်အတင်း တိုင်းနှင့်ပြည်နယ် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသလိုက်နှင့်နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင် မိုးတိမ်တောင်များဖြစ်ပေါ်မှုကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်နီ( ကယား) ပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နှင့် ရှမ်းပြည်တို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသ များတွင်ဒေသအလိုက် မိုးကြီး နေဦးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေဖိအားနည်းအရှိန်ကြောင့် ရန်ကုန်မှ တနင်္သာရီတိုင်းကမ်းရိုးတန်းတစ်လျှောက် ပင်လယ် ပြင်တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပြီး လှိုင်ကြီးမည်ဖြစ်၍ လှိုင်းအမြင့် ၈ ပေမှ ၁၀ ထိရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ယင်းပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက အသိပေး ထားသည်။
လက်ရှိမိုးစပါးရိတ်သိမ်းချိန်ကာလတွင် အခါလွန်မိုးများရွာသွန်းမှုကြောင့် စပါးရိတ်သိမ်းမှု၊ စပါး နေလှန်းမှု တို့အတွက် အခက်အခဲများဖြစ်ပေါ်ရကြောင်း တောင်သူများထံမှ သိရသည်။
ဓာတ်ပုံ – မိုး/ဇလ