ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အကျိုးဆက်တွေကို နားလည်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အမေရိကန်က ထိုင်ဝမ်ကို ကာ ကွယ်ပေးမှာလားဆိုတာကို ငြင်းဆန်လိုက်ပါတယ်။
ထိုင်ဝမ်အရေးက ဘယ်တော့မှ အဓိက ဆွေးနွေးရမယ့် အကြောင်းအရာမဟုတ်ဖူးလို့ အောက်တို ဘာလ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံမှာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ချိန် ၎င်းက ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူရင် အမေရိကန်စစ်တပ်က ကာကွယ်ပေးမှာလားလို့ CBS သတင်းဌာနမှ သတင်းထောက်က မေးမြန်းရာမှာ “ဘာဖြစ်သလဲဆိုတာကို ရှာဖွေပြီး အဲဒီအဖြေကို ရှီကျင့်ဖျင် သိပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။
အင်တာဗျူးမှာ ဖြေကြားချက်က ဘာကိုဆိုလိုတယ်ဆိုတာ ဖြေကြားဖို့ ဒေါ်နယ်ထရမ့်က ငြင်းဆန် ခဲ့ပြီး “ကျွန်တော့် လျှိူ့ဝှက်ချက်တွေကို မပြောပြနိုင်ပါဘူး။ တရုတ်ဘက်က သိပါတယ်” လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်နေသရွေ့ တရုတ်က ထိုင်ဝမ်ကို ဘယ်တော့မှ မကျူးကျော် ဘူးလို့ ရှီကျင့်ဖျင်က ကတိပြုခဲ့ပြီး အကျိုးဆက်တွေကို သိတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ထိုင်ဝမ်ဟာ လက်အောက်ခံပြည်နယ်လို တရုတ်က ဆိုပြီး အမေရိကန်မူဝါဒအရ အမေရိကန်က တရုတ်ကိုသာ အသိအမှတ်ပြုပေမယ့် ထိုင်ဝမ်သို့ စစ်လက်နက်တွေ ထောက်ပံ့ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်က ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေးကို ဆွေးနွေးဖို့ ရှောင်ရှားခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြေလျှော့ဖို့ကိစ္စရပ်ကိုသာ ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – AFP
Ref; Trump says Xi understands ‘consequences’ if China invades Taiwan