ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

ဗင်နီဇွဲလားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေပြုလုပ်ဖို့ မစဉ်းစားဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ လက်ရှိမှာ ကာရစ်ဘီယံဒေသသို့ ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R Ford က ဗင်နီဇွဲလားကမ်းရိုးတန်းသို့ ဉီးတည်သွားနေပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ မီဒီယာသတင်းတွေက မှန်ပါသလားဟု Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာ “မဟုတ်ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်တော့မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ပြောကြားဖူးပါတယ်။

အမေရိကန်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို သုတ်သင်နေတာလို့ ဒေါ်နယ်ထ ရမ့်က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ဟာ စက်တင်ဘာလအစောပိုင်းမှာ ကာရစ်ဘီယံနဲ့ အရှေ့ပစိဖိတ်ဒေသမှာ မူး ယစ်ဆေးဝါးသယ်ဆောင်တယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို တိုက်ခိုက်ခဲ့ရာ လူ ၆၂ ဉီး သေဆုံးခဲ့ပြီး လှေ ၁၄ စင်း ပျက်စီးခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို ပစ်မှတ်ထားခဲ့တာလို့ အမေရိကန်အစိုး ရက ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ မူးယစ်ဆေးဝါးတင်ဆောင်တယ်လို့ သံသယရှိတဲ့လှေတွေကို တိုက်ခိုက်မှုဟာ လက်သင့်ခံဖွယ်ရာမရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြော ပါတယ်။

ကိုးကား – Aljazeera
Ref; Trump says not planning US strikes on Venezuela