ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်
အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်က အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင် နိုင်ငံ ကမကထလုပ်တဲ့ ပူးတွဲ ကင်းလှည့်မှုကို စောင့်ကြည့်ပြီး ခြေရာခံခဲ့တယ်လို့ တရုတ်စစ်တပ်က ယနေ့ ပြောပါတယ်။
အမေရိကန်နဲ့ဖိလစ်ပိုင်ဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ခဲ့ပြီး နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော် ကုန်သွယ်ရေကြောင်းလမ်းတစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ် အပါအဝင် ရေပြင်အ ချို့မှာ အထူးတပ်ဖွဲ့သစ်တစ်ခု ဖွဲ့စည်းမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
အမည်မဖော်ပြထားတဲ့ မိတ်ဖက်တွေနဲ့ ကင်းလှည့်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Tian Junli က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိခိုက်စေတဲ့ ပြဿနာဖန်တီးလေ့ရှိ သူလို့ ၎င်းက ဆက်ပြောပါတယ်။
“တရုတ်စစ်တပ်ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားပြီး ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာ၊ ပင် လယ်ရေကြောင်း အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ သူက ဆိုပါတယ်။
သြစတြေးလျ၊ နယူးဇီလန်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်မှ ရေတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်မှာ တောင်တရုတ်ပင်လယ်အတွင်း ရေတပ်ဆိုင်ရာ လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေး ဒေသတွင်းနဲ့ နိုင် ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့် စုပေါင်း ကတိကဝတ်တစ်ခုကို ထုတ်ဖော်ပြသတာလို့ အမေရိ ကန် အမှတ် ၇ ရေယာဉ်စုက ပြောပါတယ်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က တောင်းဆိုထားတဲ့ နယ်မြေတွေ အပါ အဝင် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောဆိုထားပါ တယ်။
ကိုးကား – Reuters
Ref; China’s military says it tracked Philippine patrol in South China Sea