ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

ရုရှားနဲ့တရုတ်လိုမျိုး အခြားတိုင်းပြည်တွေကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်မှု ပြန်လည်စ တင်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

“အခြားတိုင်းပြည်တွေက နျူကလီးယား အစီအစဉ်တွေ စမ်းသပ်နေတာကြောင့် နျူကလီးယား လက်နက်တွေ စမ်းသပ်မှုကို စတင်ဖို့ စစ်ဘက်ဝန်ကြီးဌာနကို ကျွန်တော် ညွှန်ကြားခဲ့ပါတယ်” လို့ တောင် ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မတွေ့ဆုံမီ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ အခြားဘယ်တိုင်းပြည်ထက်မဆို နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထား ပြီး ရုရှားက ဒုတိယအများဆုံးရှိကာ တရုတ်က တတိယအများဆုံး ပိုင်ဆိုင်ထားတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်းကတည်းက နျူကလီးယားလက်နက် စမ်းသပ်မှု မ လုပ်ဆောင်ခဲ့ပါဘူး။

ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်တစ်စင်း စမ်းသပ်တာကို ဒေါ်နယ်ထရမ့်က ရှုတ် ချပြီး ရက်အနည်းငယ်အကြာမှာ သူက အခုလို ပြောကြားခဲ့တာပါ။

နျူကလီးယားလက်နက် စမ်းသပ်မယ့်နေရာတွေကို နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့ ခေါင်းဆောင် နှစ်ဉီး တွေ့ဆုံအပြီး Air Force One လေယာဉ်ပေါ်မှာ ၎င်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားမှလွဲ၍ မည်သည့်တိုင်းပြည်မှ ယခုရာစုနှစ်အတွင်း နျူကလီးယားစမ်းသပ်မှု မ လုပ်ဆောင်ခဲ့ဖူးလို့ လက်နက်ထိန်းချူပ်ရေးအသင်း (ACA) က ပြောပါတယ်။

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော လက်နက်သစ်နှစ်မျိုး အောင်မြင်စွာ စမ်းသပ်ခဲ့တယ် လို့ ရုရှားနိုင်ငံက ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ရုရှားပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်အတိအကျကို လျှိူ့ဝှက်ချက်အ ဖြစ် ထိန်းသိမ်းထားပေမယ့် ရုရှားက နျူကလီးယားထိပ်ဖူး ၅၄၅၉ ခုနဲ့ အမေရိကန်က ၅၁၇၇ ခုရှိတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ချုပ် (FAS) က ပြောပါတယ်။

ကိုးကား – BBC
Ref; Trump directs nuclear weapons testing to resume for first time in over 30 years