ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

လာမယ့် အာဆီယံဥက္ကဌအနေနဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့အရေးမှာ ငြိမ်းချမ်းသော၊ တာရှည်ခံ သော အဖြေရှာရေး ဆက်လက်ပြီး တွန်းအားပေးမယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါ တယ်။

မြန်မာ့အရေးဟာ မကုစားရသေးတဲ့ အာဆီယံအဖွဲ့ရဲ့ ဒဏ်ရာတစ်ခုလို့ ၎င်းက ဆိုပြီး အာဆီယံ အဖွဲ့က မြန်မာပဋိပက္ခကိုဖြေရှင်းဖို့ အနီးကပ် အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။

“ပြည်တွင်းစစ်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံကို ကြည့်ရတာ ကျွန်တော်တို့အ တွက် နာကျင်စရာပါ။ ကျွန်တော်တို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ပြီး မြန် မာ့အရေး ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ ရှာဖွေရပါမယ်” လို့ သူက ဆိုပါတယ်။

လာမယ့်နှစ်မှာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နိုင်ခြင်း ရှိ မရှိ မေးမြန်းရာမှာ မြန်မာ ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်တာကို မြင်တွေ့ချင်ပါတယ်” လို့ မားကို့စ် က ဖြေကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာသက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ကာ လမ်းညွှန်ချက်ပေးဖို့ အရေးကြီးနေဆဲပဲလို့ ၎င်းက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် အကောင်းမွန်ဆုံးရလဒ်မှာ တိုင်းပြည်စီးပွားရေး၊ ပြည်သူနဲ့ ငြိမ်းချမ်းရေးအ တွက် အာဆီယံအဖွဲ့မှာ အပြည့်အဝ ပြန်လည်ပေါင်းစည်းဖို့ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ရဲ့ စဉ်ဆက်မပြတ်သော ကြိုးပမ်းမှုတွေကြောင့် မြန်မာပဋိပက္ခကို ဖြေရှင်းရာမှာ အ ခြေအနေ တိုးတက်လာတယ်လို့ ၎င်းက ထောက်ပြပါတယ်။

အာဆီယံအဖွဲ့ရဲ့ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုဖြစ်စဉ်တွေ လျှော့နည်းလာခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားထားပါတယ်။

မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ အားလုံးပါဝင်သော၊ တာရှည်ခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ် ရပ် အောင်မြင်စေရေး ဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝ ဖော်ဆောင်ဖို့ အဖွဲ့အစည်းအားလုံးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Philippines to maintain ASEAN engagement with Myanmar under its chairmanship, says President Marcos