ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
အတိုက်အခံပါတီတွေကို ချန်လှပ်ထားသော မြန်မာစစ်တပ် စီစဉ်နေတဲ့ ဒီဇင်ဘာလ ရွေးကောက် ပွဲဟာ အတုအယောင်ရွေးကောက်ပွဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သော မတ်အန်ဒရူးက ပြောပါတယ်။
“မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အလိမ်အညာ အတုအယောင် ရွေးကောက်ပွဲဆိုတာ ကျွန် တော် ရှင်းလင်းစွာ ပြောကြားခဲ့ပြီးပါပြီ” လို့ ၎င်းက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက်ခံနေရရင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလို့ မပြောနိုင်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
စစ်ဘေးသင့်မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အခြေအနေ ပိုဆိုးရွားလာနေပြီး ပြည်သူ ၂၂ သန်း နီးပါးဟာ အကူအညီ လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ရွေးကောက်ပွဲကို အဆင့်လိုက် ပြုလုပ်မယ်လို့ မြန်မာစစ်တပ်က ပြော ပါတယ်။ မဲဆွယ်စည်းရုံးမှုကို အင်္ဂါနေ့မှာ စတင်ခဲ့ပြီး နိုင်ငံရေးပါတီ ၅၇ ခု မှတ်ပုံတင်ထားပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေကို ရွေး ကောက်ပွဲမှာ ပါဝင်ဖို့ ငြင်းဆန်တာကြောင့် ဖျက်သိမ်းခံခဲ့ရပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်က ဝန်ခံထားပါတယ်။
ကိုးကား – NHK
Ref; UN expert calls Myanmar election ‘sham’