 
                ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကျင်းပနေသည့် APEC ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစီအစဉ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် ယနေ့ ကြာသပတေးနေ့ (အောက်တိုဘာလ ၃၀ ရက်) တွင် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါတွေ့ဆုံမှုသည် ၁ နာရီ ၄၀ မိနစ်ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် သမ္မတနှစ်ဦးစလုံး ဘူဆန်မြို့ မှ ထွက်ခွာသွားပြီဖြစ်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

သမ္မတနှစ်ဦးစလုံးသည် တွေ့ဆုံရာနေရာမှ ထွက်ခွာသွားစဉ် မီဒီယာများကို စကားပြောဆိုခြင်း မရှိခဲ့ သောကြောင့် ဆွေးနွေးပွဲ၏ ရလဒ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက် ရရှိစေရန် ရည်ရွယ် သည့် ယခုတွေ့ဆုံမှုသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း သမ္မတနှစ်ဦး၏ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းလည်း ဖြစ်သည်။
ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ထရမ့်က တရုတ်ကုန်ပစ္စည်း တင်သွင်းမှုအပေါ် အခွန်နှုန်းထား တစ်ရာရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ထုတ်ဖော်ပြောကြားထားသည့်နောက်ပိုင်း ၎င်းတို့ တွေ့ဆုံခြင်းဖြစ်သည်။
ဓာတ်ပုံ – Reuters, AFP
 
                                             
                                             
                                            