ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

တောင်ကိုရီးယားနိုင်ငံကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ဖို့ ခွင့် ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ ပြောကြားခဲ့ရာ ယင်းသို့သော ရေငုပ်သင်္ဘော ပိုင်ဆိုင်တဲ့ တိုင်းပြည်အနည်းငယ်ထဲမှာ တောင်ကိုရီးယားနိုင်ငံ ပါဝင်လာပါတယ်။

တောင်ကိုရီးယားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာခဲ့တဲ့ ဖီလာဒယ်ဖီးယားမှာ ရေငုပ် သင်္ဘောကို တည်ဆောက်မယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံက အမေရိကန်မှ ရေနံနဲ့ဓာတ်ငွေ့တွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ဆိုးလ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်၊ အခြားဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ ဆုံခဲ့တဲ့ ၎င်းက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာလ ၂၉ ရက်ကကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်နယ် ထရမ့်နဲ့ လီဂျေမြောင်တို့က ကုန်သွယ်ရေးစာချုပ် အသေးစိတ်ကို အပြီးသတ်ချုပ်ဆိုခဲ့ပါတယ်။

“နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို ကျွန်တော် ခွင့်ပြုလိုက်ပါပြီ” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ခေတ်မီ သင်္ဘောတည်ဆောက်ရေးနည်းပညာ ပိုင်ဆိုင်ထားပေမယ့် နိုင် ငံအနည်းငယ်သာပိုင်ဆိုင်တဲ့ ရေငုပ်သင်္ဘော တည်ဆောက်ရေးနည်းပညာကို ဘယ်ကရရှိမယ်ဆိုတာ ၎င်း က မဖော်ပြခဲ့ပါဘူး။

အမေရိကန်မှ နည်းပညာလွှဲပြောင်းပေးမှု အပါအဝင် သြစတြေးလျနိုင်ငံက နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူနိုင်ရေးအတွက် အမေရိကန်ဟာ သြစတြေးလျ၊ ဗြိတိန်တို့နဲ့ ဆောင်ရွက်နေ ပါတယ်။

အမေရိကန်စစ်တပ်အပေါ် မှီခိုနေရမှု လျှော့ချပေးမယ့် သမားရိုးကျလက်နက်တွေ တပ်ဆင်ထား တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအမြောက်အများ တည်ဆောက်ဖို့ အောက်တိုဘာလ ၂၉ ရက် က ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ ခွင့်ပြုခဲ့တယ်လို့ လီဂျေမြောင်က ပြောပါတယ်။

ကိုးကား – Reuters
Ref; Trump says South Korea has approval to build nuclear-powered submarine