ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

မြန်မာရွေးကောက်ပွဲရဲ့ တရားမျှတမှုကို သံသယရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန် တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောခဲ့ပြီး စစ်ဒဏ်သင့်မြန်မာမှာ လူသားချင်းစာနာမှု အကူအညီပေးအပ် ခွင့်ရဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ဘယ်သူမှ မယုံ ကြည်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေး ကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်ကော်မရှင်က ကြေညာထားပါတယ်။

“ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုမယ်ဆိုတာ ဘယ်သူမှ ယုံကြည်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ဂူတာရက်စ်က ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တိုးမြှင့်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ့်အချိန်လို့ ကျွန်တော် ထင်ပါတယ်။ တစ်ချိန်တည်းမှာ အရပ်သားအုပ်ချုပ်ရေး ဖြစ်လာစေမယ့် နိုင်ငံရေးတိုးတက် ပြောင်းလဲမှုနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အစိုးရပုံစံကို လေးစားသမှုရှိရမယ့် အချိန်ဖြစ်ပါတယ်” လို့ ၎င်းက ဆက် ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်က မဲမသမာမှု စွပ်စွဲကာ အရပ်သားအစိုးရကို ဖြုတ်ချပြီး လေးနှစ်ကျော်ကြာ အရေးပေါ်အုပ်ချုပ်ရေးနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။

ကိုးကား – TRT World
Ref; UN chief Guterres doubts fairness of Myanmar’s upcoming elections