ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

မတည်မငြိမ်မှုဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ် မ လွှတ် ဘုံရပ်တည်ချက်ကို အာဆီယံအဖွဲ့ဝင်တွေက မဆုံးဖြတ်ရသေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မား ကို့စ်က ပြောပါတယ်။

“မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ် မလွှတ်က တစ်နိုင်ငံချင်းက ဆုံး ဖြတ်ရမှာပါ။ အာဆီယံအဖွဲ့က ဘုံရပ်တည်ချက် ဆုံးဖြတ်မှာမဟုတ်ပါဘူး။ လူတိုင်းက မတူညီတဲ့စိတ်ကူး ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွက် လုပ်သင့်တာကို ဆုံးဖြတ်မှာဖြစ်ကြောင်း၊ အခြားတိုင်းပြည်တွေ ဘာလုပ် တယ်ဆိုတာကို စောင့်ကြည့်မှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

အာဆီယံအဖွဲ့က ဒီဇင်ဘာလမတိုင်မီ ဘုံရပ်တည်ချက်တစ်ခု တစ်ဖြည်းဖြည်း ရရှိမယ်လို့ မျှော် လင့်ကြောင်း မားကို့စ်က ထုတ်ဖော်ပြောခဲ့ပြီး လက်ရှိမှာ ဖိလစ်ပိုင်က အာဆီယံဥက္ကဌဖြစ်တာကြောင့် အ ခြားတိုင်းပြည်တွေရဲ့ ထင်မြင်ချက်တွေကို မေးမြန်းမယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်တွေကြား သဘောထား ကွဲပြားချက်တွေရှိပေမယ့် ကြီးမားတဲ့ ကွဲပြားချက်မ ဟုတ်ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်တွေကြား ဘုံသဘောတူညီချက်မရှိရင် မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ စေလွှတ်မယ့်ကိစ္စကို ဖိလစ်ပိုင်နိုင်ငံက ကိုယ့်ဘာသာ ရှေ့ဆက်လုပ်ဆောင်မယ်လို့ သူ က ပြောပါတယ်။

မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိ တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – GMA News
Ref; Marcos: No common ASEAN position yet on sending poll observers to Myanmar