ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်အနီးတွင် ပိတ်မိနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် များကို စစ်ကူပေးရန် စစ်ကြောင်းထိုးတက်လာသည့် တပ်များတိုက် ခိုက်ခံလိုက်ရကြောင်း သိရသည်။
စစ်ကူတက်လာသည့် စစ်ကြောင်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းလိုက်ပြုတ်ပြီး အမြောက်တပ်နှစ်ခုမှနေ၍ လက်နက်ကြီး ပစ်ကူများ ဆက်တိုက် ပစ်ခတ်ပေးခဲ့ရကြောင်း သိရသည်။
“အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတာလို့ သိရတယ်။ လမ်းဟောင်း ဘက်က တက်လာတာ။ လက်နက်ကြီးပစ်ကူတွေ စစ်တပ်က ဆက်တိုက်ပစ်ပေးနေခဲ့တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်ရေကန်လမ်းဟောင်းနှင့် လမ်းသစ်တို့မှ စစ် ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကူတက်လာသည့် စစ်ကော်မရှင်တပ်များကို AA တပ်ဖွဲ့များက ပဇီကျေးရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်မှ သေဆုံးမှုများပြားသည့်အတွက် အမြောက်စစ်ဆင်ရေးဌာနချုပ် မစခ-၉၀၅ နှင့် အမတ-၄၀၉ အတွင်းမှ လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ကူပေးခဲ့ရသည်။
အမြောက်တပ် ၉၀၅ မှနေ၍ စစ်ကော်မရှင်စစ်ကူစစ် ကြောင်းများသည် ဇင်ပြွန်းဘက်သို့ နေ့စဉ်နီးပါးထွက်ခွာနေကာ တပ်ဖွဲ့အချို့ ၉၀၅ အတွင်း ပြန်ဝင်နားကြပြီး ကျန်သည့်တပ်ဖွဲ့များ ပဒါန်းတပ်နယ်အတွင်း ဖြန့်ခွဲနေရာယူမှုများရှိကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်သည် ဆုံကုန်းအခြေစိုက် မစခ ၉၀၅ မှနေ၍ ခြေလျင်စစ်ကြောင်းများအပြင် ဒရုန်းကင်း ထောက်ပျံသန်း မှုများဖြင့် စာတက်ကူ၊ မင်းပြန်ကြည့်ရွာများအတိုင်း တပ်ဖြန့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
AA တပ်ဖွဲ့များသည် နတ်ရေကန်ဗျူဟာရှိ စစ်ကော်မရှင်၏ စခန်းအများစုကို သိမ်းပိုက်ထားပြီး အစိတ်အပိုင်းအချို့သာ သိမ်းပိုက်ရန်ကျန်ရှိတော့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၇ တွင် AA က ထုတ်ပြန်ထားသည်။
ပုံစာ–အမ်းရှိ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)