ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကော်မရှင်နှင့် TNLA တပ်တို့ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း တအာင်းတပ်က ယနေ့ အောက် တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် တရုတ်ပြည် ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် ကိုးကြိမ်မြောက် ဆွေးနွေးပွဲမှ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်တွင် တအာင်းတပ်မှသိမ်း ပိုက်ရရှိထားသည့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့မှ TNLA တပ်များ ပြန်ဆုတ်ရမည်ဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း တအာင်းဒေသကို လေကြောင်းမှ ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်းမပြုလုပ်ဘဲ ရောက်သည့်နေရာမှ အပစ်ရမည်ဖြစ်သည်။

ယင်းသို့ နှစ်ဖက်သဘောတူ အပစ်ရပ်စဲခြင်းသည် ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် စတင်အသက် ဝင်ပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။