ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
G-mail အသုံးပြုသူများ၏ အကောင့်ပေါင်း ၁၈၃ သန်းမှာ ကြီးမားသည့် လုံခြုံရေးချိုးဖောက်မှုများ ကိုခံထားရပြီး ၎င်း၏ password (စကားဝှက်)များလည်း ပေါက်ကြားခဲ့ကြောင်း သိရသည်။
ဟက်ကာများ၏ လုံခြုံရေးချိုးဖောက်မှုကြောင့် ပေါက်ကြားခဲ့သည့်ဒေတာများတွင် G-mail အကောင့်နှင့် ဆက်စပ်နေသည့်စကားဝှက်များလည်းပါဝင်နေသည့်အတွက် G-mail အကောင့်များနှင့် Logins ဝင်ရောက်ခဲ့သည့် အကောင့်များပါ လုံခြုံမှုရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ယခုလုံခြုံရေးချိုးဖောက်ခံရမှုမှာ ပြီးခဲ့သည့် ဧပြီလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ပိုင်းမှသာ ဒေတာ ချိုးဖောက်မှုများကို ခြေရာခံသည့် Have I Been Pwned ဟူသည့် ဝက်ဘ်ဆိုဒ်မှ သတိပြုမိခဲ့ခြင်းဖြစ်ကာ အသုံးပြုသူများကို သတိပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
G-mail ကဲ့သို့အီးလ်မေးတစ်ခုခုကို အသုံးပြုသူများအနေဖြင့် ၎င်းတို့၏အကောင်းများ လုံခြုံရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိ ကို “Have I Been Pwned” ဝဘ်ဆိုဒ် ကိုအသုံးပြုကာ စစ်ဆေးနိုင်ကြောင်းလည်း ဝဘ်ဆိုဒ်ကိုစီမံနေသူ Tony Hunt ကပြောဆိုခဲ့သည်။
ထို့ပြင် အသုံးပြုသူများအနေဖြင့် မိမိတို့၏ အကောင့်များ လုံခြုံရေးချိုးဖောက်ခံရသည်ဟု သံသယ ရှိပါက ရိုးရှင်းသည့်နည်းလမ်းဖြစ်သည့် စကားဝှက်(Password) ပြောင်းလဲရန်နှင့် Two-Fabctor Authentication စနစ်ကို အသုံးပြုကြရန်လည်း ၎င်းက အကြုံပြုခဲ့သည်။
ကိုးကား – INDEPENDENT
Refs ; Urgent alert issued to anyone who uses Gmail after 183 million passwords leaked