(မြန်မာနိုင်ငံတွင်း အခြေအနေဟာ လက်ရှိမှာ ပိုမိုတည်ငြိမ်လာပြီလို့ ဆို)

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေးကျင်းပမှု၊ တွေ့ဆုံမှုတွေ အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုဖြစ်စဉ်တွေ လျှော့နည်းစေခဲ့ တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေဟာ ယခင်ထက်စာရင် ပိုမိုကောင်းမွန်လာတယ်လို့ ၎င်းက ပြောပေမယ့် တိုက်ခိုက်မှုတွေ ရှိနေဆဲဆိုတာကို ဝန်ခံခဲ့ပါတယ်။

“အကြမ်းဖက်မှုဖြစ်စဉ် တစ်ခု သို့မဟုတ် နှစ်ခု ရှိနေဆဲဖြစ်ပေမယ့် ရွာတွေဖျက်ဆီးခံရပြီး သတ် ဖြတ်မှုတွေ ဖြစ်ပွားကာ ပြည်သူထောင်ချီ အိုးအိမ်စွန့်ခွာရတဲ့ လွန်ခဲ့သော နှစ်နှစ် သို့မဟုတ် သုံးနှစ်ကလို မျိုး မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံရဲ့အခြေအနေက အခုဆိုရင် ပိုမိုတည်ငြိမ်လာပြီ” လို့ သူက ဆိုပါ တယ်။

အပြုသဘောဆောင်တဲ့ အခြေအနေဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံအဖွဲ့ရဲ့ စဉ် ဆက်မပြတ် ကြိုးပမ်းမှုတွေကြောင့်လို့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

“အချို့က မြန်မာ့အရေး အဖြေရှာဖို့ကိစ္စ မေးမြန်းခဲ့ကြပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ကနေ ကျွန်တော်တို့ လမ်းလွဲမသွားခဲ့ပါဘူး” လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်သော ဆက်ဆံရေး ထိန်းသိမ်းဖို့ အာဆီယံအဖွဲ့ရဲ့ အဆင်သင့်ဖြစ်မှုကို ပြသခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့သောနှစ်အတွင်း အာဆီယံအဖွဲ့က မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ချိန်နောက်ပိုင်း တိုက် ခိုက်မှုတွေ လျှော့နည်းသွားခဲ့တာလို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေဟာ မပြီးဆုံးသေးပေမယ့် ဒီလိုစတင်မှုဟာ သိသာတဲ့ အောင် မြင်မှုတစ်ခုပါ။ လုပ်ဆောင်စရာများစွာ ရှိနေပါသေးတယ်။ မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ ခက်ခဲ ပေမယ့် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ လက်မခံပါဘူး” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bernama
Ref; ASEAN efforts helped reduce violent incidents in Myanmar – PM Anwar