ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

 

အမေရိကန်သမ္မတထရမ့်၏ အာရှခရီးစဉ်နောက်ဆုံးခြေလှမ်းအဖြစ် တောင်ကိုရီးယားသို့ ယနေ့ အောက်တို့ဘာ ၂၉ ရက်နေ့တွင် တရားဝင်ရောက်ရှိလာကြောင်း သိရသည်။

 

ကန်သမ္မထရမ့်သည် တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူ‌မြို့တွင်ကျင်းပမည့် အာရှ – ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (APEC) အစည်းဝေးကို တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားသည်။

ထရမ့်သည် တောင်ကိုရီးယားသမ္မတ လီ‌ဂျေမြောင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြားကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်သစ်ချုပ်ဆိုရန်မျှော်မှန်းထားသည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

 

အမေရိကန်သမ္မတ ထရမ့်သည် တောင်ကိုရီးယားနိုင်ငံမှ တင်သွင်းလာမည့် သွင်းကုန်အားလုံးကို အပြန်အလှန် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်မည်ဟုကြေညာထား၍ ကုန်သွယ်ရေးဆိုင်ရာ တင်းမာ မှုများ ရှိနေသည်။

 

အမေရိကန်သမ္မထရန့်သည် မလေးရှားနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းဝေးတက်ရောက်ပြီးနောက် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဘုရင်ဧကရာဇ်နှင့် သမ္မတတို့ကိုတွေ့ဆုံခဲ့ပြီး မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

ဓာတ်ပုံ – ထရန့်လူမှုကွန်ရက်