ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက် မှုတွေကို ရှုတ်ချပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေဆဲလို့ ပြောပါတယ်။
အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး အ ကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ် ခွင့်ပြုဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေ အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထားသူ တွေကို လွှတ်ပေးဖို့ ၎င်းက တောင်းဆိုခဲ့ပြီး လက်ရှိအခြေအနေမှာကျင်းပတဲ့ ဘယ်လိုရွေးကောက်ပွဲမ ဆို မတည်ငြိမ်မှုဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေဆဲပါ။ ထောင်နဲ့ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရကာ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် ကြီးမားလာပါ တယ်” လို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ သူက ထည့်ပြောပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု တုံ့ပြန်မှုစီမံချက်ဟာ ရန်ပုံငွေမလုံလောက်ကြောင်း ၎င်း က သတိပေးခဲ့ပြီး အဆိုပါအကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာရဲ့အကူအညီ အရေးပေါ် တောင်းခံ လိုက်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုဟာ ဖိနှိပ်မှု၊ အဓမ္မ နေရပ်စွန့်ခွာရမှုသံသရာကို ဆက်လက်ပြီး ကြုံတွေ့နေရတယ်လို့ အန်တိုနီယိုဂူတာရက်စ်က ဆိုပါတယ်။
ကိုးကား – Bernama
Ref; UN’s Guterres condemns Myanmar violence, says ‘peace remains elusive’ at Asean summit