
သာယာဝတီမှာ စစ်တပ်သတင်းပေးလို့ကျော်ကြားသူ ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
နိုင်း၊ ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ စက်တင်ဘာ ၅ ရက်
ပဲခူးတိုင်း(အဆနာက်ခြမ်း) ၊ သာယာဝတီမြို့နယ်၊ မရမ်းအင်းရွာ ရာအိမ်မှူး စိုးဝင်း၏သားဖြစ်သူ အောင်ချစ်မင်းနှင့် ဘိုကြီးကုန်းရွာ ရာအိမ်မှူး အောင်ဖဲ တို့ စက်တင် ဘာလ ၄ ရက် နေ့လည်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ ထောက်တိုင် သတင်းပေးဒလန်ဟု နာမည် ကြီးနေသော အောင်ချစ်မင်းနှင့် ရာအိမ်မှူးအောင်ဖဲတို့နှစ်ဦးသည် စစ်ကောင်စီတပ်သို့ဆက်ကြေးသွားပေးရာမှအပြန် ရွာလမ်း၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အောင်ချစ်မင်းက ဆီးခုံထိသွားတယ်၊ သေဖို့ရာခိုင်နှုန်းများတယ်၊ သာယာဝတီဆေးရုံကြီးကနေ ရန်ကုန်စစ်ဆေးရုံကိုပို့လိုက်ပီးကြားတယ်၊ အောင်ဖဲကတော့ရှပ်ဘဲထိသွားတာ” ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုအား သာယာဝတီဂဠန်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နွားသမားများဆီမှ မိုက်ကြေးခွဲပြီး ပိုက်ဆံကောက်ခံကာ စစ်ကောင်စီတပ်ကိုထောက်ပို့လုပ်သတင်းပေးနေသဖြင့် ရှင်းလင်းခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့တွင်လည်း သာယာဝတီမြို့နယ်တွင်းရှိ ရေတွင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်အေးအား ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း သိရပါသည်။
#AyeyarwaddyTimes