ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်

ပြည်သူ့တော်လှန်ရေးတပ်မတော် – PRA ရဲ့ ဗိုလ်ဂျပန်က သူ့ရဲ့ မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ပြောဆိုလိုက်ပါတယ်။

အဆိုပါ လက်ဝတ်ရတနာတွေဟာ ဗိုလ်ဂျပန်ရဲ့ မိဘနှစ်ပါး မင်္ဂလာဦးနေ့ကတည်းက ယနေ့အချိန်ထိ စုဆောင်းထားတဲ့ လက်ဝတ်ရတနာလေးတွေဖြစ်ပြီး တော်လှန်ရေးကာလမှာ အရေးပေါ် လိုအပ်လာလို့ အကုန်လုံးယူလာခဲ့ရတာလို့ သူက ဆိုပါတယ်။

” မေမေ့သား တော်လှန်ရေး လုပ်တော့မှ နားက နားကပ်လေးတောင် မကျန်တဲ့ မေမေ ဒီပွဲက လုံးဝအရှုံးခံလို့ မရတဲ့ပွဲမို့ နားလည်ပေးပါ ဖေဖေ နဲ့‌ မေမေ” လို့ ဗိုလ်ဂျပန်က ရေးသားထားပါတယ်။