ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်တွင် “အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနှင့် ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို UN မှာ ဆက်လက်ထားရှိပေးဖို့နဲ့ “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကိုလက်ခံပါ အာဏာရှင်ကို ငြင်းဆန်ပါ” ကြွေးကြော်သံများဖြင့် ဒီကနေ့စက်တင်ဘာလ ၅ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ဝန်းရံမှုနဲ့အတူ စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် The Youth Force ( Saw-Kyaukhtu) က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှအင်းအားဖြည့် ပူးပေါင်းကူညီပေးခဲ့ကြပြီး အခမ်းအနားကို တက်ရောက်သည့် ချင်း၊ ဗမာ ၊ တောင်သား စသည့် တိုင်းရင်းသားများနှင့် ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ပြည်သူ အင်အား ၁၀၀၀ ကျော်အတွက် လုံခြုံဘေးကင်းစေရန် တာဝန်ယူပေးခဲ့ကြောင်း The Youth Force ( Saw-Kyaukhtu) က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ-The Youth Force ( Saw-Kyaukhtu)