ဓာတ်ပုံ - လူမှုကွန်ရက်

ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊စက်တင်ဘာလ ၅ ရက်

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ စက်တင်ဘာလ ၄ရက် နံနက် ၁၁နာရီအချိန်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးအဖွဲ့အား တနင်္သာရီမြို့နယ် (ပ•က•ဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပ•က•ဖ)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးအဖွဲ့သည် တနင်္သာရီမြို့နယ် လယ်သစ်-ထိန်ချောင်းဝအနီး စစ်ကြောင်းထိုးလာစဉ် မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၂) တနင်္သာရီ (ပ•က•ဖ) ၊တနင်္သာရီကာ‌ကွယ်ရေးပြောက်ကျားတပ်ဖွဲ့ ၊တနင်္သာရီ ရိုးမတပ်ဖွဲ့ နှင့် မြိတ်(ပ•က•ဖ) စသည့် ပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ( ၃ )ဦး နှင့် ပျူစောထီးအဖွဲ့ဝင် (၂)ဦးသေဆုံးကာ (၁) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိ ဘေးကင်းရာသို့ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသညိ။