ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၃၃၈ ဦးထိ တွေ့ရှိခဲ့ပြီး အဲ့အထဲက ၂ ဦးကတော့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုဗစ်အတည်ပြုလူနာသစ်တွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ ၉၄ ဦး၊ စက်တင်ဘာလ ၂ ရက်နေ့မှာ ၈၄ ဦး၊ စက်တင်ဘာလ ၃ ရက်နေ့မှာ ၉၀ ဦးနဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ၇၀ တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ထဲက သေဆုံးသူ ၂ ဦးကတော့ စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာသစ်တွေထဲမှာ အများစုက ပြည်သူမှာ ကူးစက်ခံရတာဖြစ်ပြီး အဲ့ထဲက ၂၀ ဦးကတော့ ပြည်ပကနေ ပြန်လာပြီး ရောဂါ ရှိ မရှိစစ်ဆေးချိန်မှာ ကူးစက်ခံရတာတွေ့ရှိထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေရှိမှု အတည်ပြုလူနာသစ်တွေပြန်လည်များပြားလာပေမယ့် စစ်ကောင်စီက ပွဲလမ်း သဘင် တွေဆက်လက်ပြုလုပ်နေတာဟာ အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုကို ဖြစ်စေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာဖို့အတွက်လည်း CDM ဆရာဝန်တွေက တိုက်တွန်းပြောဆိုပါတယ်။

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ပြန်လည်တွေ့ရှိမှုဟာ ဧပြီလမှာ နောက်ဆုံးရှိခဲ့ပြီး ၄ လအကြာမှာ ခုလိုမျိုး ပြန်လည်တွေ့ရှိမှုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုံဟောင်း။