ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
အာဆီယံအဖွဲ့ဟာ ဒီဇင်ဘာလအတွင်းပြုလုပ်မယ့် မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာ သူတွေ စေလွှတ်မှာမဟုတ်ဖူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောကြားခဲ့ရာ နိုင်ငံတကာ တရားဝင် မှုရဖို့ တွန်းအားပေးနေတဲ့ စစ်ကော်မရှင်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာလ ၂၇ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာပဋိပက္ခကို အလွန်အမင်း စိုးရိမ်ကြောင်း အာဆီယံခေါင်းဆောင်တွေက မလေးရှား ထိပ် သီးဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုကာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိဘူးလို့ သတိပေးခဲ့ကြောင်း အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

“မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဖူးဆိုပေမယ့် အာဆီယံ နိုင်ငံတွေက နှစ်ဉီးနှစ်ဖက်အခြေခံပြီး စောင့်ကြည့်လေ့လာသူတွေ စေလွှတ်နိုင်ပါတယ်” လို့ အမည်မ ဖော်လိုတဲ့ သံတမန်တစ်ဉီးက ပြောပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ဖို့ အဖွဲ့ဝင်တွေကြား ဘုံသဘောတူညီချက် မရှိဘူးလို့ ဒုတိယသံတမန်က အတည်ပြုခဲ့ပါတယ်။
အာဆီယံအဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်တာဟာ တရားဝင်မှုရရှိ ဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်ကော်မရှင်အတွက် သေချာပေါက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမယ်လို့ နိုင်ငံ တကာရေးရာ လေ့လာဆန်းစစ်သူ မူစတာဖာအက်ဇူဒင်က ပြောပါတယ်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ပြသနိုင်တဲ့ အများယုံကြည်လက်ခံသော အ ထောက်အထား မရှိပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – AFP
Ref; Asean not sending monitors to Myanmar polls: Sources