ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း (၁) အနေဖြင့်ကျင်းပမည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးရေးစတင်နိုင်ပြီ ဖြစ်ကြောင်းထုတ်ပြန်သည်။

အဆိုပါ အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ကို ယနေ့ အောက်တိုတာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဖွင့်လှစ်လိုက်ကြောင်း စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

စစ်ကော်မရှင်၏ အတုအယောက်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုကို စစ်ကောင်မရှင်လက်အောက်ရှိ တီဗွီချန်နယ်များ၊ ရေဒီယိုများအပါအဝင် ရုပ်သံနှင့် ရေဒီယို application များမှတစ်ဆင့်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိသတ်မှတ်ထားသည့် မဲဆန္ဒနယ်အချို့တွင် မပြိုင်ခင်ကပင် အနိုင်ရရှိထားသော စစ်အုပ်စု၏ ကြံ့ခိုင်ရေး ပါတီ(USDP) ဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မဲဆွယ်မှုများစတင် နေပြီဖြစ်သည်။

စစ်ကော်မရှင်သည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို လုံခြုံရေးအကြောင်းပြချက်ဖြင့် နိုင်ငံရေးပါတီ များအား စီတန်းလှည့်လည် စည်းရုံးခွင့် မပြုထားကြောင်းသိရသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတဖြစ်ရေးအတွက် အဓမ္မကျင်းပ ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၆ ပါတီ၊ တိုင်းနှင့် ပြည်နယ်တို့တွင်စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC ထံမှ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်