ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိရေး စောင့်ကြည့်လေ့ လာသူအဖွဲ့ စေလွှတ်ဖို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက အာဆီယံအဖွဲ့ကို တောင်းဆိုလိုက်ပါ တယ်။
တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သီးသန့်အစည်းအဝေးမှာ ၎င်းက မြန်မာရွေးကောက်ပွဲ အပါအဝင် ဒေသတွင်း အခြေအ နေတွေကို မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။
“မြန်မာ့အရေးက အလွန် စိုးရိမ်စရာကောင်းနေဆဲပါ။ ဒီနှစ် ဒီဇင်ဘာလမှာလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် မြန်မာပြည်တွင်း အခြေအနေတွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ သူ က ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေ စောင့်ထိန်းဖို့နဲ့ ပွင့်လင်းမြင်သာ မှု အရေးကြီးတယ်လို့ ၎င်းက အလေးထားပြောပါတယ်။
“အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်ဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လုပ် သင့်ပါတယ်” လို့ ပရာဘိုဝိုက ဆက်ပြောပါတယ်။
လွန်ခဲ့သောငါးနှစ်နီးပါးက သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရာမှာ အ ကန့်အသတ်နဲ့သာ တိုးတက်မှုရှိတာကို ၎င်းက မီးမောင်းထိုးပြခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေစဉ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအ တွက် ဘုံသဘောတူညီချက်ဟာ လမ်းညွှန်မူဘောင် ဆက်ဖြစ်ရမယ်လို့ သူက ပြောပါတယ်။
“အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်မယ့် နေရာတစ်ခုဖန်တီးဖို့ အပစ်အခတ်ရပ်စဲကြဖို့ ကျွန်တော်တို့ ဆက်လက်ပြီး တောင်းဆိုရပါမယ်။ စစ်မှန်သော အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်အတွက် အဖွဲ့ အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံအဖွဲ့ကိုကူညီဖို့ အင်ဒိုနီးရှားနိုင်ငံက အသင့်ရှိပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Antara News
Ref; Prabowo urges ASEAN to send observers for Myanmar elections