ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
စစ်အုပ်စု၏ အတုအယောက်ရွေးကောက်ပွဲနီးလာသဖြင့် နေပြည်တော်တွင် ငလျင်ကြောင့် ပျက်စီး နေသည့် ပြည်ထောင်စုလွှတ်တော်နေရာများကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်စစ်ဆေးကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။
စစ်ခေါင်းဆောင်သည် ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ရသည့် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အဆောက်အဦတို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းအပြင် အခြားအထောက်အကူပြုအဆောက်အဦများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံ များထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်သတင်းစာ၌ နေပြည်တော်မြို့တော်ခန်းမအနီးတွင် ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေ ရေး ရင်ပြင်အပါအဝင် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်း ဖောက်လုပ်နေကြောင်းလည်း ဖော်ပြ ထားသည်။

အဆိုပါ ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများ ကျင်းပနိုင်ရန်နှင့် မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများတည်ဆောက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
စစ်အုပ်စုအကောင်အထည်ဖော်နေသော အတုအယောင်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း(၁) အဖြစ်ကျင်းမည်ဖြစ်သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူများ စိတ်ဝင်စားမှုရှိလာစေရန် ရည်ရွယ်၍ အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ် စသည့် သရုပ်ဆောင်များကို အသုံးချကာ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းကို ရိုက်ကူးထုတ်ဝေထားသည်။
ဓာတ်ပုံ – စစ်ကော်မရှင်