ဇွန်လ ၂၈ ရက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒေသတွင်း အစည်းအဝေးတစ်ခုတက်ရောက်ရန် ယခုသီတင်းပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောကြားခဲ့ရာ စစ်တပ်က အာ ဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်၏ ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံက စစ်ကောင်စီ၏ အဓိက လက်နက်ထောက်ပံ့သူနှင့် မဟာမိတ်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရာထူးမှဖြုတ်ချသည့် ပြီးခဲ့သည့် အာဏာသိမ်းမှုကို အာဏာလုယူမှုအဖြစ်ညွှန်းဆိုရန် ငြင်းဆန်ခဲ့သည်။

ဝမ်ယိက လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဆိုသည်။ ဝမ်ယိက အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်းရှိ မရှိ အသေအချာမသိကြောင်း သူက ပြောသည်။

ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်မှ နိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင်လ ၂ ရက်မှ ၅ ရက်အထိပြုလုပ်မည့် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်မည်ဟု ဇော်မင်း ထွန်းက ဆိုသည်။ အာဏာသိမ်းယူကာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အနောက်နိုင်ငံအစိုးရများက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီက တရုတ်နှင့်ရုရှားအပါအဝင် မဟာမိတ်များအပေါ် ပို၍ မှီခို အားထားလာရသည်။

မည်မျှအခြေအနေ ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာ၊ လွတ်လပ်မှုနှင့် ပိုင်နက်နယ်မြေကို ကူညီ၍ ကာကွယ်စောင့်ရှောက်မည်ဟု တရုတ်နိုင်ငံက ဧပြီလအတွင်း ပြောကြားခဲ့သည်။ စစ်ကောင်စီက နိုင်ငံတကာအဆင့်၌ ပို၍ အထီးကျန်ဆန်လာပြီး အာဏာသိမ်းယူပြီးနောက်ပိုင်း ကမ္ဘော ဒီးယားခေါင်းဆောင် ဟွမ်ဆန်က မြန်မာနိုင်ငံသို့လာရောက်သည့် တစ်ဦးတည်းသော ပြည်ပခေါင်းဆောင် ဖြစ် လာခဲ့သည်။

တရုတ်နှင့်ရုရှားနိုင်ငံတို့က မြန်မာစစ်တပ်သို့ ဂျက်တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ အပါအဝင် စစ်လက်နက်ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ သည်။

ကိုးကား – AFP
Ref; China FM to visit Myanmar this weekend: junta spokesman