
(ဒေသတွင်းရှိ သူ့နိုင်ငံသားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးဖို့ တရုတ် တောင်းဆို)
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား မကြာသေးမီက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကို တရုတ်နိုင်ငံက စိုးရိမ်ပြီး ဒေသတွင်းရှိ သူ့နိုင်ငံသားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးဖို့ တောင်းဆိုတယ်လို့ တ ရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား နယ်စပ်ပဋိပက္ခမှာ ဒါဇင်နဲ့ချီတဲ့ စစ်သားတွေ သေဆုံးခဲ့ပြီး တာလီဘန်အဖွဲ့ အာဖဂန်နစ္စတန်မှာ အာဏာရရှိလာပြီးနောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံကြား အပြင်းထန် ဆုံး ပဋိပက္ခဖြစ်တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေပြီး နှစ်နိုင်ငံကြား ပဋိပက္ခမှာ စေ့စပ်ညှိနှိုင်းတဲ့ အခန်းကဏ္ဍမှပါဝင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
“ပါကစ္စတန်-အာဖဂန်နစ္စတန် ဆက်ဆံရေး တိုးတက်လာစေရေးမှာ အပြုသဘောဆောင်တဲ့ အ ခန်းကဏ္ဍတစ်ရပ်မှ ဆက်လက်ပါဝင်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပဋိပက္ခတွေ အရှိန်မြှင့်လာတာကို ရှောင်ရှားဖို့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က တွေ့ဆုံဆွေးနွေး မှုမှတစ်ဆင့် ဖြေရှင်းကြဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
ဩဂုတ်လအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကဘူးလ်မြို့တော်မှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံကာ ဆက်ဆံရေးတိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ဟာ ဒီသီတင်းပတ်အစောပိုင်းမှာ တရုတ်နိုင်ငံက ကမကထလုပ်တဲ့ အလွတ်သဘော သုံးနိုင်ငံ အစည်းအဝေးမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China is very concerned about Pakistan-Afghanistan clashes, foreign ministry says