
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား ပဋိပက္ခဖြစ်ပွားမှုကို ဖြေရှင်းပေးဖို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ကတိပြုခဲ့ပြီး သူဟာ စစ်ပွဲတွေကို ဖြေရှင်းရာမှာ ကျွမ်းကျင်တယ်လို့ ပြောပါတယ်။
“ဒီစစ်ပွဲဟာ ကျွန်တော်ဖြေရှင်းခဲ့တဲ့ အဌမမြောက်စစ်ပွဲ ဖြစ်လာပါမယ်။ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်ကြား စစ်ဖြစ်နေတယ်လို့ ကျွန်တော် ကြားပါတယ်” လို့ အစ္စရေးသို့သွားရောက်နေစဉ် Air Force One လေယာဉ်ပေါ်မှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်ဟာ စစ်ပွဲတွေကို ဖြေရှင်းရာမှာ တော်ပါတယ်။ ကျွန်တော်ဟာ ငြိမ်းချမ်းရေးပြုလုပ် ရာမှာ တော်ပါတယ်။ ကျွန်တော်ဟာ သန်းနဲ့ချီတဲ့ လူတွေရဲ့အသက်ကို ကယ်တင်ခဲ့ပါတယ်” လို့ သူက ဆို ပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တပ်ဖွဲ့တွေကြား နယ်စပ်ပဋိပက္ခမှာ ဒါဇင်နဲ့ချီတဲ့ စစ်သားတွေ သေ ဆုံးခဲ့တယ်လို့ နှစ်ဘက်စလုံးက တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်လေပိုင်နက် ချိုးဖောက်ကာ ဈေးတစ်ခုကို ဗုံးကြဲခဲ့တယ် လို့ တာလီဘန်အဖွဲ့က ပြောကြားပြီးနောက် နှစ်နိုင်ငံကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။
ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့က အစ္စရေးနိုင်ငံသို့ သွားရောက်ကာ အစ္စရေးဓားစာခံတွေရဲ့ မိ သားစုဝင်တွေနဲ့ တွေ့ဆုံကာ လွှတ်တော်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ကိုးကား – TRT World
Ref; Trump vows to resolve Afghanistan-Pakistan clash amid rising tensions