ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

တရုတ်သင်္ဘောတစ်စင်းဟာ တနင်္ဂနွေနေ့က အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ဖိလစ် ပိုင်ရေယာဉ်တစ်စင်းကို တမင်သက်သက် ဝင်တိုက်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောတစ်စင်းဟာ တနင်္ဂနွေနေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ မနီ လာ ငါးလုပ်ငန်းဗျူရိုပိုင် ရေယာဉ်တစ်စင်းကို ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဆိုပါ တယ်။

စပရက်တလေကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သီတုကျွန်းအနီးမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာ လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ဖိလစ်ပိုင်ရေယာဉ်တစ်စင်းဟာ ရေပိုင်နက်အတွင်း ဝင်ရောက်လာပြီး တရုတ်သင်္ဘောရဲ့ သတိပေး ချက်ကို လျစ်လျူရှုကာ အန္တရာယ်ရှိစွာ ချည်းကပ်လာခဲ့ပြီးနောက် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

“ဒီဖြစ်စဉ်အတွက် ဖိလစ်ပိုင်နိုင်ငံမှာ တာဝန် အပြည့်အဝ ရှိပါတယ်” လို့ တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျူဒီဂျန်က အွန်လိုင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက ဖိလစ်ပိုင်ရေယာဉ်တစ်စင်းရဲ့ နောက်လိုက်နေ ပုံကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေ၊ ရုပ်သံဖိုင်တွေက ဖော်ပြပါတယ်။

စက်တင်ဘာလအတွင်း တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်တစ်စင်းရဲ့ ရေအမြောက်နဲ့ တိုက် ခိုက်မှုကြောင့် လူတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ဖိလစ်ပိုင်ထံမှ ငါးအရင်းအမြစ်ကြွယ်ဝတဲ့ စပရက်တလေကျွန်းစု ကို သိမ်းပိုက်ခဲ့ပါတယ်။

ကိုးကား – The Japan Times
Ref; China and Philippines trade blame over boat collision in disputed sea