ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

ရုရှားနဲ့စစ်ပွဲကို မဖြေရှင်းရင် ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေ ရရှိလိမ့်မယ်လို့ ဂါဇာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ထိပ် သီးဆွေးနွေးပွဲမတိုင်မီ အစ္စရေးနဲ့အီဂျစ်သို့ ထွက်ခွာစဉ် ၎င်းက ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေး မှုတွေကို ရည်ညွှန်းပြီး သူက ဆိုပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော် ရုရှားနဲ့ စကားပြောကောင်း ပြောရပါမယ်။ ယူကရိန်းကို တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့တာကို သူတို့ လိုလားမှာမဟုတ်ဖူး” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ပွဲကို မဖြေရှင်းရင် ယူကရိန်းထံ တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့မှာဖြစ်ကြောင်း၊ တိုမာဟော့ခ် ဒုံးကျည်ဟာ အဖျက်စွမ်းအားမြင့် လက်နက်တစ်မျိုးဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး စီမံချက်ကြောင့် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ် နိုင်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။

အမေရိကန်က ယူကရိန်းသို့ တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့နိုင်ရေး နှစ်နိုင်ငံ လုပ် ဆောင်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့ဖို့ ဆုံးဖြတ်ချက်ချတော့မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့ မှာ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Trump says he will send Tomahawk missiles to Ukraine if war with Russia not settled