
ဓာတ်ပုံ -ယမန်နေ့ည တံတားပေါ်မှခုန်ချသွားပြီးနောက် ရှာဖွေနေစဥ်။(ပေးပို့)
ညိမ်းသော် / ဧရာဝတီတိုင်မ်း
(ငါးသိုင်းချောင်း) စက်တင်ဘာ ၄ ရက်
ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့တွင် မြို့ခံလူငယ်တစ်ဦး ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်တွင် ငသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ခုန်ချသွားသူမှာ ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် သျှားသုစံဆိုသူ လူငယ်ဖြစ်ပြီး မည်သည့်အတွက်ကြောင့်ခုန်ချသွားသည်ကိုမသိရကြောင်း ဒေသခံတဦးကပြောသည်။
” မနေ့ညနောက်ကျနေကာမှ တံတားပေါ်ကနေ ခုန်ချသွားတာ။ ဖြစ်လို့ခုန်ချတာလဲတော့မသိ့ဘူး သိသလောက်တော့ သူ့မှာဘာပြသနာမှမရှိဘူး သူကရိုးရိုးအေးအေးပဲ” ဟု မိသားစုနှင့်နီးစပ်သူတဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါလူငယ်အား ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ မြစ်အတွင်းရှာဖွေမှုများပြုလုပ်နေပြီး လက်ရှိအချိန်ထိပြန်လည်တွေ့ရှိသေးခြင်းမရှိကြောင်း ဒေသခံများထံကသိရသည်။
ဩဂုတ်လနောက်ဆုံးအပတ်ထဲတွင်လည်း ပြည်မြို့က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနှင့် ၃ နှစ်အရွယ် ၄င်း၏သမီးဖြစ်သူကိုပိုက်ပြီး န၀ဒေးတံတားပေါ်ကနေ ဧရာ၀တီမြစ်အတွင်းသို့ ခုန်ချခဲ့သေးကြောင်း သိရသည်။