ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်တစ်လျောက် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း တင်းမာမှု တွေ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ဧရိယာအတွင်းသို့ မြန် မာလုံခြုံရေးတပ်ဖွဲ့တွေက ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂွမ်ဒမ်ရွာအတွင်းကို မြန်မာစစ်လေယာဉ်၊ ရဟတ် ယာဉ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကမနက်ပိုင်းမှာ မြန်မာဂျက်တိုက်လေယာဉ်လေးစင်း က ဘင်္ဂလားဒေ့ရှ်လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူထိခိုက်သေဆုံးတာ မရှိခဲ့ပေမယ့် ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှုန့်ထား တယ်လို့ မီဒီယာတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က ဆိုးရွားတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံကနေ ဘယ်သူ မှဝင်မလာနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကောင်းစွာ ပြင်ဆင်ထားတယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာဟီ ရာအလမ်းက ပြောကြားခဲ့ပါတယ်။

“မြန်မာရဲ့ ရန်စမှု သို့မဟုတ် ထောင်ချောက်အတွင်း ကျွန်တော်တို့ မကျရောက်ချင်ပါဘူး။ ဒီလိုမျိုး တစ် ဖက်သတ်လုပ်ရပ်တွေပြုလုပ်ရင် မြန်မာဘက်က မဟာဗျူဟာမြောက် အကျိုးကျေးဇူးတစ်ခု ရရှိကောင်းရရှိနိုင်ပါ တယ်” လို့ သူက ဆိုပါတယ်။

ဂွမ်ဒမ်တွမ်ဘရူဧရိယာက မိုင်တိုင်အမှတ် ၄၀ နဲ့ ၄၁ အတွင်း မြန်မာနယ်စပ်တစ်လျောက် စစ်လေယာဉ် နှစ်စင်းနဲ့ ရဟတ်ယာဉ်တွေ ကင်းလှည့်စောင့်ကြပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ် လေယာဉ်တွေကပစ်ခတ်ခဲ့ လက်နက်ကြီးကျည် ၁၀ လုံးခန့်အနက် နှစ်လုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ကျရောက် ခဲ့ပြီး ရဟတ်ယာဉ်တွေက သေနတ်အချက် ၃၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၂၈ ရက်မှာ မြန်မာဘက်ကပစ် ခတ်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကျရောက်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ် အချာအာဏာနဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။

အခုလိုမျိုး လက်နက်ကြီးကျည်ကျရောက်တဲ့ကိစ္စက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ် စဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်ရပ်က မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစေနိုင် တဲ့ အချုပ်အချာအာဏာကို ချိုးဖောက်မှုဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုဖြစ်စဉ်တွေကြောင့် ရိုဟင်ဂျာတစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ဆက်ဆံရေးက အေးစက်နေပါ တယ်။

နှစ်နိုင်ငံကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက်တွေကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေ မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက ထွက်ပြေးသူတွေကို ပြန်လက်ခံဖို့ အင်တင်တင်ဖြစ်နေမှု နဲ့ မြန်မာနိုင်ငံက ကြောက်ရွံ့စရာအခြေအနေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ ငြင်းဆန်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကြီးကျည်ကျရောက်တာဟာ အချုပ်အချာအာဏာ၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို မြန်မာနိုင်ငံက မထေမဲ့မြင်ပြုတဲ့ ဥပမာတစ်ခုသာဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေက ဖြစ်စဉ်ကိုဝန်ခံရမှန်းမသိသလို ရှင်းပြဖို့လည်း မကြိုးပမ်းပါဘူး။

၂၀၁၇ ခုနှစ် သြဂုတ်နဲ့စက်တင်ဘာလအတွင်း မြန်မာရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်အတွင်း အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အပြင်းအထန် ကန့်ကွက်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်က အိမ်နီးချင်းကောင်းမပီသသလို မလိုလားအပ်တဲ့ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်အရေးက ရိုဟင်ဂျာတွေ ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်ရေးအတွက် ခြိမ်း ခြောက်မှုတစ်ခုဖြစ်သလို နယ်စပ်မတည်ငြိမ်မှုကလည်း နယ်စပ်တစ်လျောက် နေထိုင်သူတွေအတွက် ခြိမ်းခြောက် မှုတစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက လက်နက်ကြီးကျည်ကျရောက်တဲ့ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်းအစည်းအ ဝေးတွေမှာ တရားဝင် အကြောင်းကြားရမှာဖြစ်ပါတယ်။

မြန်မာဘက်ရှိ ရဟတ်ယာဉ်တွေမှ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပြီးနောက် တရား ဥပဒေစိုးမိုးရေးအေဂျင်စီတွေက နယ်စပ်တစ်လျောက် လုံခြုံရေးအစီအမံတွေ တိုးမြှင့်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို တပ်လှုန့်ထားပြီး နယ်စပ်တစ်လျောက် ထောက်လှမ်းရေးစောင့်ကြပ်မှုတွေ တိုးမြှင့်ခဲ့ပါ တယ်။

လက်နက်ကြီးကျည် ကျရောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခန့် မြန် မာသံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာစစ်ကောင်စီကို သတိပေးခဲ့ပြီး နယ်စပ်ကို ပိုပြီး ဂရုစိုက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမတည်ငြိမ်မှုကို ဖြေရှင်းတာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတစ်ခုသာဖြစ်ပါတယ်။ မြန်မာနိုင် ငံက ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်လို့မရပါဘူး။ မြန်မာ နိုင်ငံက နိုင်ငံတကာဥပဒေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားသမှုရှိရပါမယ်။

ဒီလိုမျိုးဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေယုံသာမက ဒေသတွင်းတစ် ခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်ရေးအင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆို တာ မြန်မာနိုင်ငံက အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၄ ရက်က Eurasia Review ဝဘ်ဆိုဒ်မှာ Samiba Akhter ရေးသားထားတဲ့ Myanmar’s Aggressive Attitude At Bangladesh Border Is Detrimental To Regional Stability ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။