
(တွန်းဇံ)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နှင့် မြို့အနီးတစ်ဝိုက်ရှိ ဒေသခံများကို ဇိုမီးတော်လှန်ရေးတပ် (ZRA) မှ အောက်တိုဘာ ၁၅ ရ က် နောက်ဆုံးထား၍ နေရပ်စွန့်ခွာတိမ်းရှောင်ကြရန် ညွှန့်ကြာ; ထားကြောင်း ဒေသခံများထံမှ သိရသည်။
ZRA သည် ဒေသခံပြည်သူများကို မည်သည့်အကြောင်းကြောင့် နေရပ်မှစွန့်ခွာခိုင်းသည်ကို မသိရှိ သော်လည်း ယခုရက်ပိုင်း ZRA မှ တွန်းဇံမြို့နယ်ရှိ ဒေသခံများကို နေရပ်စွန့်ခွာရန် နုတ်ဖြင့် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“မြို့နဲ့ မြို့အနီးအနား ကျေးရွာက ဒေသခံပြည်သူတွေကို ZRA က နေရပ်စွန့်ခွာကြဖို့ ဒီရက်ပိုင်း နုတ်နဲ့ညွှန်ကြားလာပါတယ်။ အကြောင်းအရင်းတော့ မပြောပါဘူး။ သူတို့ပြောတာ ဒီလ အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်စွန့်ခွာဖို့ပါ”ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ZRA ၏ ညွှန်ကြားမှုကြောင့် ဒေသခံပြည်သူတချို့သည် နေရပ်စွန့်ခွာကြသလို ဒေသခံပြည်သူတချို့သည် လည်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ကြသူများရှိကြောင်း သိရသည်။
“တိမ်းရှောင်ကြတဲ့ ဒေသခံတွေလည်း ရှိတယ်။ တချို့က အခြေအနေစောင့်ကြည့်နေကြတဲ့ သူတွေလည်း ရှိတယ်။ ရှောင်ကြတဲ့သူတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြသူတွေပါ။ ပြည်သူတွေက တိမ်းရှောင်ဖို့၊ တိုက်ပွဲပြန်ဖြစ်ဖို့ မလိုလားကြဘူး”ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တွန်းဇံမြို့ကို ထိန်းချုပ်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) က ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန်ခွာ တိမ်း ရှောင်စရာမလိုဟု ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ တွန်းဇံမြို့နယ်တွင် ချင်းကာကွယ်ရေးတပ် (တွန်းဇံ) နှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA) တို့ တိုက်ပွဲမရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်လာသည့် စစ်ရေးတင်းမာနေသော အခြေအနေ တွင်ရှိကြောင်း သိရသည်။
တွန်းဇံမြို့ကို CDF-Tonzang ၊ CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိထားသော်လည်း CDF-Tonzang ၊ CNA နှင့် ZRA တို့ မကြာခဏ ထိတွေ့မှုရှိနေသေးသည်။