
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
တရုတ်သွင်းကုန်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း ထပ်တိုး စည်းကြပ်ခွန် သတ်မှတ်ကြောင်း အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ကြေညာခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးဆွေးနွေးပွဲကို ပယ်ဖျက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
တရုတ်သွင်းကုန်တွေအပေါ် ထပ်တိုး စည်းကြပ်ခွန်သတ်မှတ်မှုဟာ နိုဝင်ဘာလ ၁ ရက်မှာ အာ ဏာတည်လာမှာဖြစ်ပြီး တရုတ်ရဲ့ မြေရှားသတ္တုတင်ပို့မှု ထိန်းချုပ်ခြင်းကြောင့် အခုလို လက်တုံ့ပြန်တာ လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်က လက်ရှိမှာ တရုတ်ကုန်စည်တွေကို ၃၀ ရာခိုင်နှုန်း စည်းကြပ်ခွန် သတ်မှတ်ထားပြီး တရုတ်က အမေရိကန်ပို့ကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ပါတယ်။
မြေရှားသတ္တုတင်ပို့မှုကို ထိန်းချုပ်ဖို့ အသေးစိတ်ဖော်ပြထားတဲ့ စာတွေကို တရုတ်က ကမ္ဘာတစ် ဝှမ်းရှိတိုင်းပြည်တွေထံ ပေးပို့ခဲ့တယ်လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
“တရုတ်က ကမ္ဘာကြီးကို ဓားစာခံလုပ်တာ ခွင့်ပြုစရာအကြောင်း မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ရပ် တည်ချက်က ရန်လိုပါတယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့သောနှစ်ပတ်က တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲမှာ တ ရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့စီစဉ်ထားပေမယ့် လက်ရှိမှာ ထိုသို့လုပ်စရာ အကြောင်းမရှိကြောင်း ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
မြေရှားသတ္တုဟာ စမတ်ဖုန်းနဲ့ လျှပ်စစ်ကားမှ စစ်လက်နက်နဲ့ စွမ်းအင်နည်းပညာအထိ ထုတ်လုပ် ရာမှာ အရေးကြီးပြီး တရုတ်က ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုကို ချုပ်ကိုင်ထားပါတယ်။
ရှီကျင့်ဖျင်နဲ့ အစည်းအဝေးကို သူဖျက်သိမ်းခဲ့တာမဟုတ်ဖူးလို့ ဒေါ်နယ်ထရမ့်က နောက်ပိုင်း ဘဲဥ ပုံခန်းမမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကိုးကား – AFP
Ref; Trump announces new 100% China tariff, threatens to scrap Xi talks