
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
ကုလသမဂ္ဂအဖွဲ့က ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အားကို လေးပုံတစ်ပုံ လျှော့ချမယ်လို့ ကုလသမဂ္ဂ အကြီးတန်း အရာရှိတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နိုင်ငံက ကုလသမဂ္ဂထံ ထည့်ဝင်ရ မယ့် ကြွေးကျန်တွေရှိနေစဉ် ယခုအခြေအနေ ဖြစ်လာတာပါ။
ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်း လျှော့ချမယ့် အရေးပေါ်အစီအမံတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၁၃၀၀၀ မှ ၁၄၀၀၀ အထိကို သက်ဆိုင်ရာ မိခင်တိုင်းပြည်များ သို့ နေရပ်ပြန်ပို့မယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တပ်ဖွဲ့ဝင်အင်အား လျှော့ချမှုဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေကို သိသာစွာ သက် ရောက်စေမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဆက်ပြောပါတယ်။
ထည့်ဝင်ငွေဝေစု ပေးချေကြဖို့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ကုလသမဂ္ဂအဖွဲ့က တောင်းဆိုမယ်လို့ ၎င်းတို့က ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကျသင့်တဲ့ဝေစု ထည့်ဝင်ရ မယ့် တာဝန်ရှိပြီး အမေရိကန်နိုင်ငံက ဘတ်ဂျက်ရဲ့ ၂၆ ရာခိုင်နှုန်းကျော်ကို ထည့်ဝင်ပါတယ်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေဟာ အပစ်အခတ်ရပ်စဲရေးနဲ့ အရပ်သားတွေ ကို ကာကွယ်ပေးခြင်းလိုမျိုး မစ်ရှင်တွေကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ အဓိက လုပ်ဆောင်နေပါ တယ်။
ကိုးကား – NHK
Ref; UN to cut quarter of peacekeepers amid US non-payments of contributions