ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲကို အာဆီယံအဖွဲ့က ထောက်ခံဖို့ မလေးရှား နိုင်ငံက အာမခံခဲ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့ ကတိပြုခဲ့တယ်လို့ မြန်မာစစ် ကော်မရှင်က ပြောပါတယ်။

အာဆီယံအဖွဲ့က ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာ မက်ဟတ်ဆန်က သတင်းစကားပါးခဲ့တယ်လို့ စစ်ကော်မရှင်ထိန်းချုပ်သတင်းစာ The Global New Light of Myanmar က သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

“ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းမှုတွေမှာ အာဆီယံအဖွဲ့က မြန်မာစစ်ကော်မရှင်နဲ့ အကောင်း ဆုံး ပူးပေါင်းဆောင်ရွက်ရေး အလေးထားဖို့ မိုဟာမက်ဟတ်ဆန်က ကတိပြုခဲ့ပါတယ်” လို့ The Global New Light of Myanmar က ဆိုပါတယ်။

ရွေးကောက်ပွဲမှာ အားလုံးပါဝင်သင့်တယ်လို့ မိုဟာမက်ဟတ်ဆန်က အကြံပြုခဲ့ပြီး မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့ ကတိပြုခဲ့တယ်လို့ အဆိုပါသတင်းစာက ပြောပါတယ်။

ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွေ၊ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ခုနဲ့ ကိုယ်စားလှယ် လောင်း ၅၀၀၀ ခန့် ယှဉ်ပြိုင်မယ့်အကြောင်း မင်းအောင်လှိုင်က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

မိုဟာမက်ဟတ်ဆန်က စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဉီးညိုစောနဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရေး၊ လွတ်လပ်သော ရွေးကောက်ပွဲကျင်းပရေးနဲ့ မြန်မာ၊ မလေးရှား နဲ့ အာဆီယံအဖွဲ့ကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ကိုးကား – Bernama
Ref; Malaysia guarantees ASEAN support for Myanmar elections, says State media