
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း)တွင် ဖြစ်ပွားခဲ့သော ဆရာ၀န်နှင့်သူ့၏ ဇနီးဖြစ်သူတို့အသတ်ခံရသည့်အမှုမှာ တစ်လကျော်ကြာသည်အထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
သွားအထူးကုဆရာ၀န်ဒေါက်တာတင်မောင်ထွန်း၊ ဇနီးဖြစ်သူဒေါ်ဇင်မင်းသက်တို့ သေဆုံးခဲ့ပြီး အခြားအိမ်သားနှစ်ဦးပါ ထိခိုက်ဒဏ်ရာရှိခဲ့ကာ ကျူးလွန်သောလူငယ်မှာယနေ့အထိဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ်ဒေသခံများကဝေဖန်ကြသည်။
“CCTVမှာလဲ clickဆိုင်ကယ်အဖြူရောင်နဲ့ မိုးကာ အနီခြုံထားတဲ့လူကိုတွေ့ရဲ့သားနဲ့ ခုထိဖမ်းနိုင်တာမရှိဘူး ရဲတွေက လိုင်းကြေးကလွဲပြီးကျန်တာစိတ်မ၀င်စားတော့ဘူး မြို့ပေါ်မှာလဲ
တရားဥပဒေကင်းမဲ့လာသလိုပဲ”ဟု ဟင်္သာတမြို့ခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသူများအိမ်ကိုအ၀င်အထွက်ရှိသော လူငယ်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။
ဧရာ၀တီတိုင်းမြို့နယ်များတွင်ရဲများ ကိုယ်တိုင်မှ အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနင့် နှစ်လုံး၊သုံးလိုင်းဒိုင်များကိုတရား၀င်ခွင်ပြုပေးခြင်း၊၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေသောကြောင့် အမှုကြီးများကိုဖြေရှင်းနိုင်ခြင်းမရှိပဲတရားဥပဒေစိုးမိုးမှု ကင်းမဲ့လာကြောင်း မြို့ခံများကပြောသည်။
ဓာတ်ပုံ-တရားခံဖြစ်သူကိုcctvမှတွေ့ရစဥ်