
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
နှစ်နိုင်ငံကြား စစ်လက်နက်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အိန္ဒိယစစ်တပ်ကို အပေါ့စားဒုံးကျည်တွေ ထောက်ပံ့မယ့် ဒေါ်လာ ၆၀၆ သန်း တန်ကြေးရှိ စာချုပ် တစ်ရပ်ကို လက်မှတ်ထိုးလိုက်ပြီလို့ ဗြိတိန်နိုင်ငံက အောက်တိုဘာလ ၉ ရက်မှာ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ လည်ပတ်နေစဉ် ယခု လို ကြေညာလိုက်တာပါ။
Thales ကုမ္ပဏီထုတ် အပေါ့စား ဘက်စုံသုံးဒုံးကျည်တွေအတွက် သဘောတူညီချက်ကြောင့် အ လုပ်အကိုင်နေရာ ၇၀၀ ဖန်တီးပေးမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
“သဘောတူညီချက်ကြောင့် ဗြိတိန်နဲ့အိန္ဒိယကြား စစ်လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ပေးပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ကီယာစတန်မာဟာ ဗြိတိန်ရဲ့ စစ်လက်နက်ထုတ်လုပ်မှုနယ်ပယ် တိုးတက်လာဖို့ ကြိုးပမ်းခဲ့ပြီး နေတိုးအဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ကတိပြုကာ နော်ဝေနိုင်ငံနဲ့ မ ကြာသေးမီက ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံတန် ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်စာချုပ်လိုမျိုး စစ် လက်နက်တင်ပို့မှုကို အလေးထားခဲ့ပါတယ်။
စစ်သင်္ဘောတွေအတွက် လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်တွေ တည်ဆောက်ပေးဖို့ ပေါင် သန်း ၂၅၀ တန်ကြေးရှိ ကနဉီးအဆင့် သဘောတူညီချက်ကို အိန္ဒိယနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီလို့ ဗြိတိန်က ပြော ပါတယ်။
ကိုးကား – Reuters
Ref; UK signs $606 million deal to supply India with missiles