ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး၊ လူသား ချင်းစာနာမှု အကူအညီပေးအပ်မှု အရှိန်မြှင့်ရေးနဲ့ မြန်မာမှ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး အပြည့်အဝ အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဆောင်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဉီးညိုစောနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခုလို သတင်းစ ကားပါးခဲ့တာလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ပါတယ်” လို့ ၎င်း က သောကြာနေ့မှာ လူမှုကွန်ရက် Facebook ၌ ရေးသားခဲ့ပါတယ်။
မြန်မာခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ သွားရောက်ခဲ့ပြီး အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သူက ဆိုပါတယ်။
စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး၊ စစ်ကော်မရှင် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ မိုဟာမက်ဟတ်ဆန်ဟာ ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တာပါ။
ဒီဇင်ဘာလ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ မလေးရှားနိုင်ငံက လေ့လာစောင့်ကြည်ရေးအဖွဲ့ စေလွှတ်မယ်လို့ စစ်ကော်မရှင်ထိန်းချုပ် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ကိုးကား – Bernama
Ref; Malaysia urges full implementation of ASEAN five-point consensus in Myanmar