ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ဂါဇာဒေသမှာ လုံခြုံရေး အာမခံဖို့ အမေရိကန်နိုင်ငံက ထောက်ခံမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၇ ရက်မှာ ကတိပြုခဲ့ပြီး ကျန်ရှိသော ဓားစာခံတွေ လွတ်မြောက်ဖို့ သဘောတူညီမှုရ တော့မယ်လို့ ပြောပါတယ်။

“ဂါဇာကိုကျော်လွန်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရရှိနိုင်တယ်လို့ ကျွန်တော် ထင်ပါ တယ်” လို့ ၎င်းက ဘဲဥပုံခန်းမမှာ သတင်းထောက်တွေကို ပြောပါတယ်။

အလည်အပတ်ရောက်ရှိနေတဲ့ ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ ဂါဇာအရေး ဆွေးနွေးမယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ အမေရိကန် အထူးကိုယ်စားလှယ် စတိဝစ်ကော့ခ်နဲ့ ဒေါ်နယ်ထရမ့် ရဲ့ ပထမသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဂျာရက်ကက်ရှ်နာတို့ဟာ အောက်တိုဘာလ ၇ ရက်မှာ အီဂျစ်နိုင်ငံသို့ သွားရောက်ပြီလို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

ပါလက်စတိုင်း ထောင်ချီ သေဆုံးခဲ့ပြီး ဂါဇာဒေသကို စိစိညက်ကျေစေခဲ့တဲ့ စစ်ပွဲအဆုံးသတ်ရေး အတွက် ဆွေးနွေးမှုတွေဟာ အလားအလာအကောင်းဆုံး စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ပုံပေါ်ပါတယ်။

“ကျွန်တော်တို့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရရှိစေမယ့် သဘောတူညီချက်တစ်ရပ် ရ ရှိဖို့ အလွန်နီးကပ်နေပါပြီ” လို့ ဘဲဥပုံခန်းမမှာ ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ ဆွေးနွေးမှုအစမှာ ဒေါ် နယ်ထရမ့်က ပြောပါတယ်။

“ကျွန်တော်တို့ ဖြစ်နိုင်ဖွယ်ရာအားလုံး လုပ်ဆောင်နေပါတယ်။ လူတိုင်း သဘောတူညီချက်ကို လိုက်နာဖို့ ကျွန်တော်တို့ ဖြစ်နိုင်ဖွယ်ရာအားလုံး လုပ်ဆောင်နေပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Trump says his is optimistic about a Gaza deal