ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

အမေရိကန်နိုင်ငံက ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ပါက ရုရှားက အဆိုပါဒုံးကျည်တွေကို ပစ်ချပြီး ဒုံးကျည်ပစ်လွှတ်ရာနေရာတွေကို ဗုံးကြဲကာ အမေရိကန်နိုင်ငံကို အထိ နာမယ့် လက်တုံ့ပြန်ရေးနည်းလမ်း ရှာဖွေမယ်လို့ အကြီးတန်း ရုရှား လွှတ်တော်အမတ်တစ်ဉီးက ပြောပါ တယ်။

ရုရှားနဲ့ယူကရိန်းကြား စစ်ပွဲအရှိန်မြှင့်လာမှုကို မလိုလားတာကြောင့် တိုမာဟော့ခ်ဒုံးကျည်တွေ မထောက်ပံ့မီ ယူကရိန်းက မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က အောက်တိုဘာလ ၆ ရက်မှာ မေးမြန်းခဲ့ပါတယ်။

“ကျွန်တော်တို့ကို ဒုက္ခရောက်အောင်လုပ်တဲ့သူတွေ နာကျင်စေမယ့်နည်းလမ်းတွေ ကျွန်တော်တို့ ရှာဖွေမှာဖြစ်ပါတယ်” လို့ ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ အကြီးအကဲ အန်ဒရေကာတာပို လော့ဗ်က ပြောပါတယ်။

ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့လျင်ပင် စစ်မြေပြင်မှာ အခြေအနေပြောင်းစေ မယ်လို့ သူ မယုံကြည်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ကာတာပိုလော့ဗ်က ဆိုပါ တယ်။

“ဒီဒုံးကျည်တွေကို ဘယ်လိုပစ်ခတ်ပြီး ဘယ်လို ပစ်ချရတယ်ဆိုတာကို ကျွန်တော်တို့ ကောင်း ကောင်း သိပါတယ်။ ဆီးရီးယားမှာ ကျွန်တော်တို့ တိုမာဟော့ခ်ဒုံးကျည်တွေ ရင်ဆိုင်ဖူးတာကြောင့် အသစ် အဆန်း မဟုတ်ပါဘူး။ ဒုံးကျည်တွေ ထောက်ပံ့မယ့်သူနဲ့ အသုံးပြုမယ့်သူအတွက်သာ ပြဿနာပါ” လို့ ၎င်း က ဆက်ပြောပါတယ်။

ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည် ပစ်ခတ်မယ့်နေရာတွေ ပြင်ဆင်တဲ့လက္ခဏာ မမြင်တွေ့ရသ လို ယူကရိန်းက ဒုံးကျည်တွေရလည်း ဖုံးကွယ်မထားနိုင်ကြောင်း၊ ဒုံးကျည်ပစ်စင်တွေကို ဖျက်ဆီးဖို့ ရုရှား က ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုမယ်လို့ သူက ပြောပါတယ်။

ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့မယ့်အစီအစဉ်ကို အကဲဖြတ်ဖို့ ရုရှား ဒုတိယ နိုင် ငံခြားရေးဝန်ကြီး ဆာဂျီရိုင်ကော့ဗ်က အမေရိကန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – Reuters
Ref; Russia will destroy Tomahawk missiles, launchers if US gives them to Ukraine, says senior lawmaker