
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
တရုတ်နိုင်ငံက ထိုင်ဝမ်သမ္မတ လိုင်ချင်တေးအပေါ် ပစ်ပစ်ခါခါ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင် ငံခြားသားတွေရဲ့ မျက်နှာသာရဖို့ ကိုယ့်ကိုယ်ကိုယ် ပြည့်တန်ဆာဇာတ်သွင်းနေတယ်လို့ စွပ်စွဲလိုက်ပါ တယ်။
ထိုင်ဝမ်ကို အင်အားအသုံးပြုတာ စွန့်လွှတ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နားချနိုင်ပါက သမ္မတ ဒေါ်နယ်ထရမ့်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သင့်တယ်လို့ အမေရိကန်ရေဒီယိုနဲ့ အင်တာဗျူးမှာ လိုင်ချင်တေးက ပြောခဲ့ပါတယ်။
လိုင်ချင်တေးရဲ့မှတ်ချက်ဟာ အခြေအမြစ်မရှိဟုဆိုကာ တရုတ်နိုင်ငံ၊ ထိုင်ဝမ်ရေးရာရုံးက ပယ်ချ ခဲ့ပြီး ငြိမ်းချမ်းရေးဖျက်ဆီးသူလို့ ပြောဆိုလိုက်ပါတယ်။
ပြည်ပတပ်ဖွဲ့တွေကို အားထားပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းမှုဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဖူးလို့ တရုတ်နိုင်ငံက ဆက်ပြောပါတယ်။
ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ အင်အားအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ တရုတ်နိုင်ငံဟာ ခွဲထွက် ရေးသမားတွေကို သတိပေးမှုအဖြစ် ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်ခဲ့ပါတယ်။
လိုင်ချင်တေးက သောကြာနေ့မှာ အမျိုးသားနေ့ မိန့်ခွန်းတစ်ရပ် ပြောကြားပြီး နှစ်ရက်အကြာမှာ တရုတ်နိုင်ငံက အခုလို ကြေညာချက်တစ်ရပ် ထုတ်ပြန်တာပါ။
တရုတ်အစိုးရက လိုင်ချင်တေးကို ခွဲထွက်ရေးသမားတစ်ဉီးအဖြစ် သတ်မှတ်ကာ ဆွေးနွေးဖို့ ကမ်း လှမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။
ကိုးကား – Independent
Ref; China accuses Taiwan president of ‘prostituting’ himself after Trump comments