
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
ရုရှားစစ်တပ်ရဲ့ မကြာသေးမီက ယူကရိန်းအနောက်ပိုင်း တိုက်ခိုက်မှုတစ်ခုမှာ တရုတ်ဂြိုဟ်တု များမှ အချက်အလက်တွေကို အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။
ရုရှားစစ်တပ်ဟာ စနေနေ့ညပိုင်းမှ တနင်္ဂနွေနေ့မနက်ပိုင်းအထိ ယူကရိန်းအနောက်ပိုင်း Lviv ဒေ သသို့ ဒုံးကျည် ၅၃ စင်း၊ ဒရုန်း အစင်း ၅၀၀ ခန့်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်ဖွဲ့က ပြောပါ တယ်။
တိုက်ခိုက်မှုတွေအတွင်း တရုတ်သူလျှိုဂြိုဟ်တုသုံးစင်းဟာ Lviv ဒေသပေါ်မှာ ပျံသန်းခဲ့တယ်လို့ ယူကရိန်းစစ်တပ်မီဒီယာဖြစ်တဲ့ Militarnyi က ဖော်ပြပါတယ်။
တရုတ်သူလျှိုဂြိုဟ်တုတွေဟာ Lviv ဒေသပေါ်မှ ကိုးကြိမ် ဖြတ်သန်းခဲ့တယ်လို့ အဆိုပါမီဒီယာက ဆိုပါတယ်။
“မဟာဗျူဟာမြောက် ပစ်မှတ်တွေကို ဖော်ထုတ်ပြီး ဖျက်ဆီးနိုင်ရေး ယူကရိန်းပိုင်နက်မှာ သူလျှို ဂြိုဟ်တုတွေ ပျံသန်းဖို့ ရုရှားနဲ့တရုတ်ကြား အဆင့်မြင့် ပူးပေါင်းဆောင်ရွက်တဲ့ အထောက်အထားတွေ ရှိပါ တယ်” လို့ ပြည်ပ ထောက်လှမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ယူကရိန်းနိုင်ငံပိုင်မီဒီယာ Ukrinform က ဖော်ပြခဲ့ပါတယ်။
သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ချက်တွေနဲ့ အခြား ငြိမ်းချမ်းသော ရည်ရွယ်ချက်တွေအတွက် ဂြိုဟ်တုတွေကို အသုံးပြုတာလို့ တရုတ်နိုင်ငံက တရားဝင် ပြောကြားကြောင်း Militarnyi က ဖော်ပြပါ တယ်။
တရုတ်ဂြိုဟ်တုတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးချတယ်လို့ ယူဆရကြောင်း အဆိုပါမီဒီယာ က ပြောပါတယ်။
ကိုးကား – NHK
Ref; Ukraine media: Russia may have used Chinese satellite data to attack Lviv